တနင်္ဂနွေနေ့က မဒီ အသက်၂၄နှစ် ပြည့်သွားပြီ။ မွေးနေ့မှာ အလုပ်ရှုပ်ဆုံးဆိုလို့ ဒီတစ်နှစ်ပဲ ရှိဖူးတယ်။ မနက်ကတည်းက တောက်လျှောက် စာသင်ရတာ ညနေ လေးနာရီမှ ပြီးတယ်။ မီတင်းမရှိတာနဲ့ လေးနာရီကျော်ကတည်းက ထွက်လာတာ အိမ်ကို ငါးနာရီမှ ရောက်တယ်။ သူငယ်ချင်းတွေကတော့ ရောက်နှင့်နေကြပြီ။ သိပ်အများကြီး မဟုတ်ပါဘူ။ ၂ယောက်ပဲ ဖိတ်တာပါ။ သူတို့က မဒီလာတာကို စောင့်နေကြတာ။ အိမ်မှာပဲ အကင်တွေကင်စားကြပြီး စကားပြောကြ၊ အခွေကြည့်ကြနဲ့ မွေးနေ့ပွဲက ၇နာရီမှာ ပြီးသွားပါတယ်။ သူငယ်ချင်းတစ်ယောက်က နောက်အပတ်မှာ စင်္ကာပူသွားတော့မှာ။ အဲဒါကြောင့် မွေးနေ့ပွဲလုပ်ရင်းနဲ့ သူ့အတွက် နှုတ်ဆက်ပွဲပါ တွဲလုပ်လိုက်တာ။ နောက်ဆိုရင် သူငယ်ချင်းတွေ စုံဖို့ဆိုတာ သိပ်ရှိတော့မှာ မဟုတ်ဘူး။ မဒီကလည်း ပိတ်ရက်ဆိုရင် မအားတော့ ကိုယ်အားတဲ့ရက် မှာဆိုရင်လည်း နောက်တစ်ယောက်က အလုပ်သွားနေရတယ်။
ည ၈နာရီရောက်တော့ အဖေက City FM ဖွင့်ပြီးတော့ မွေးနေ့ဆုတောင်းနားထောင်လို့ ဘာပြောမလဲ သိချင်တာနဲ့ မဒီလဲ လိုက်နားထောင်ဖြစ်တယ်။ အဖေ ရေဒီယိုချိန်နေတာနဲ့ ဆရာ စံဇာဏီဘို ပြောတာ အကုန်မကြားလိုက်ရပေမယ့် ကြားလိုက်ရတာကတော့ ဒီရက်မှာ မွေးဖွားတဲ့သူတွေက innovative ဖြစ်တယ်။ creative ဖြစ်ကြတယ်။ မိမိရဲ့ အိမ်မက် (dream) ကို လုံးဝမဖြစ်နိုင်တာတောင် ဖြစ်အောင်လုပ်တတ်ကြတယ်။ တွေဝေတာတွေ မလုပ်ပါနဲ့။ မိမိရဲ့ မွေးရပ်မြေမှာ အလုပ်အကိုင်လုပ်ရင် ပိုမိုအောင်မြင်လိမ့်မယ်လို့တော့ ဟောသွားတာပဲ။ မွေးရပ်မြေကိုတော့ သွားချင်ပေမယ့် အလည်လောက်ပဲ သွားချင်တာ။ အလုပ်သွားလုပ်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ကိုယ့်ရဲ့ လက်ရှိအရည်အချင်းနဲ့ကလည်း မြန်မာပြည်မှာပဲ လုပ်စားလို့ရတာ။ တခြားနိုင်ငံမှာလည်း လုပ်စားလို့ သိပ်မရပါဘူးလေ။
မဒီ့အစ်မ ရိုက်ထားတဲ့ အစားအသောက်ပုံတွေပါ။ ကြက်သားကင်၊ အမဲသားကင်၊ ကြက်အကြော၊ ကြက်အူချောင်း၊ အာလူးကင် စတာတွေပါတယ်။ အကုန်စားလို့ကောင်းတယ် :D



Read More...
Collapse...
စနေနေ့က ELT ၀င်ခွင့်စာမေးပွဲ သွားဖြေရတယ်။ စာမေးပွဲကို စာတစ်လုံးမှာ
မကျက်ပဲ အလွတ်ဖြေတာ ဒီတစ်ခါပဲ ရှိသေးတယ်။ ဒါပေမယ့် ကောင်းကောင်းမွန်မွန်
ဖြေနိုင်ခဲ့ပါတယ်။ မေးခွန်းတွေက လည်း မခက်ဘူး။ Grammar ဆိုရင် ကျောင်းမှာ
ကလေးတွေကို စာသင်ပေးထားတာတွေနဲ့ ခပ်ဆင်ဆင်တူနေတော့ ဖြေရတာ ပိုလို့တောင်
လွယ်သေးတယ်။ အရင်နှစ်တွေကလိုလည်း composition မရေးခိုင်းတော့ပဲ
ခေါင်းစဉ်၂ခုထဲက ၁ခုကို ရွေးပြီးတော့ debate လုပ်ခိုင်းတယ်။ စာပိုဒ်ကလည်း
တစ်ပိုဒ်ထဲ ရေးရတော့ တစ်နာရီကျော်တာနဲ့ အကုန်ဖြေပြီးသွားနေပြီ။
ရေးထားတာကတော့ ကလေးဆန်နေမလား မသိဘူး။ သူငယ်ချင်းကောင်းဆိုတာ အဖိုးတန်တဲ့
ကျောက်မျက်တွေထက် ပိုပြီးတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကို ရေးရတဲ့အခါမှာ
ကိုယ်တကယ် တောင်းတနေခဲ့တဲ့ သူငယ်ချင်းကို စိတ်ကူးပုံဖမ်းပြီး
ရေးပေးလိုက်တယ်။ တကယ့်အပြင်မှာတော့ သူငယ်ချင်းကောင်းစစ်စစ်ဆိုတာ
တစ်ယောက်မှ မရှိသေးဘူးလို့ ယူဆထားတယ်။ (ဟိုနှစ်ယောက်သာ သိရင်တော့
စိတ်ဆိုးဦးမယ်ထင်တယ်။ မတက်နိုင်ဘူး။ ကိုယ်ကလည်း သူတို့အပေါ်မှာ
တကယ့်အစစ်မှန် သူငယ်ချင်းကောင်း မပီသနိုင်သလို သူတို့ကလည်း မပီသကြပါဘူး)
စာမေးပွဲဖြေပြီးတော့ ကျောင်းသွားတော့ မနက်ပိုင်းအချိန်က ပြီးသွားပြီ။
နေ့လည်ပိုင်းအချိန်ကလည်း မဒီစာမသင်လိုက်ရပါဘူး။ တခြားဆရာမတစ်ယောက်က
ဝင်သင်ပေးနေလို့ သူသင်တာကိုပဲ လိုက်မှတ်နေလိုက်တော့တယ်။
ကိုယ်ကိုယ်တိုင်လဲ တော်တော်ညံ့နေပါသေးတယ်။ စာကို နားလည်အောင်
ကောင်းကောင်းမွန်မွန် မရှင်းပြတတ်သေးဘူး။ စာအုပ်တွေလည်း
အပြင်လေ့လာထားတာတွေ တစ်ခုမှမရှိသေးတော့ Grammar တောင်
သိပ်မရှင်းပြတတ်ဘူး။ အမှန်တော့ မဒီက အခုမှ လေ့လာဆဲရှိနေတုန်းမှာ အခုလို
စာသင်ခိုင်းလို့သာ သင်နေရပေမယ့် မသင်ချင်သေးဘူး။ ကိုယ့်အတွက်လည်း
တာဝန်ကြီးသလို တကယ်တတ်ကျွမ်းတဲ့သူနဲ့ မသင်ရတဲ့ ကလေးတွေအတွက်လည်း
မကောင်းဘူး။
အခု အလုပ်စ၀င်လိုက်ပြီးကတည်းက ပေါင်သုံးပေါင်လောက် ကျသွားတယ်။ အရင်ကလည်း
သိပ်အများကြီး ၀တာမဟုတ်ပေမယ့် ပေါင်ကိုးဆယ်နီးပါးတော့ ရှိတယ်။ အခုတော့
ပေါင်၈၅ပေါင် လောက်ပဲ ရှိတော့တယ်။ ဒီကြားထဲ ဟိုနေ့က လေအောင့်လို့
အစာအိမ်ပြန်ရောင်မှာတောင် စိုးရိမ်နေတာ။ အဲဒါကြောင့် အစားအသောက်တောင်
ပြန်ဆင်ခြင်နေရတယ်။ စိတ်ထဲမှာလည်း stress မများအောင် ဘာမှမထားပဲ
မကြည့်တာကြာတဲ့ အခွေတွေကိုပဲ ထိုင်ကြည့်နေပြီးတော့ သက်တောင့်သက်တာပဲ
နေနေတယ်။
Read More...
Collapse...
အလုပ်သစ်ဝင်တာ တစ်လတောင် မပြည့်သေးဘူး။ အခုထိ ဇဝေဇ၀ါတွေ ဖြစ်နေတုန်းပဲ။ အစကတော့ ငါက လူသစ်မို့လို့ မသိသေးတာပါလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်တယ်။ ဒါပေမယ့် လခထုတ်ပြီးတဲ့နေ့ကစပြီးတော့ စိတ်ထဲမှာ ကျေကျေလည်လည် မရှိတော့ဘူး။ အလုပ်မ၀င်ခင် အင်တာဗျူးမှာတုန်းက ပြောခဲ့တဲ့ လစာအတိုင်းမရပဲ နှစ်သောင်းကွာနေတဲ့အပြင် ရက်၂၀ပဲ လုပ်ရသေးတော့ လစာက ကိုယ်တောင်းထားတာရဲ့ တစ်ဝက်ပဲ ရတယ်။ အဲဒါကို complaiin တက်ဖို့ တာဝန်ရှိသူကို ပြောဖို့လုပ်နေတာ အခုထက်ထိကို မပြောရသေးဘူး။ သူ့အောက်က တစ်ယောက်ကိုတော့ ဒီနေ့ပြောခဲ့တယ်။ မနက်ဖြန်မှပဲ သေချာတွေ့ပြီး ထပ်ပြောရမယ်။ အမှန်ဆိုရင် သူတို့ဘက်က အဲဒီ့လောက်ပေးမယ် ပြောခဲ့လို့ အရင်အလုပ်ကနေ ထွက်ခဲ့တာ။
ဒုတိယ ပြသနာက မဒီတက်ချင်တဲ့ Diploma in Teaching English Learning Method သင်တန်းက ဒီလမှာ စခေါ်နေပြီ။ ၀င်ခွင့်စာမေးပွဲကို လကုန်ခါနီးမှာ ဖြေရမယ်။ အဲဒါကလည်း အယောက်သုံးဆယ်ပဲ လက်ခံတာ။ ကြိုတင် reservation တွေက ဘယ်နှစ်ယောက်တောင် ရှ်လဲ မသိဘူး။ ကျူရှင်ဖိုးတောင် သုံးသောင်းလောက်ရှိတယ်လို့ ကြားတယ်။ မဒီကတော့ သူငယ်ချင်းတစ်ယောက်ဆီကနေ မေးခွန်းဟောင်းတောင်းပြီး ကျူရှင်မတက်ပဲ ဖြေကြည့်မယ်။ သင်တန်းချိန်က မနက် ၇နာရီကနေ ၉နာရီအထိ။ သင်တန်းချိန်က ၁၀လ။ ၀င်ခွင့်ရရင်တော့ အလုပ်ကနေ ထွက်မလား စိတ်ကူးနေတယ်။ ဒီ ဒီပလိုမာရပြီးရင် နောက်ထပ် M.A (TEFL) ကို ဆက်တက်လို့ ရတယ်။ အဲဒါကတော့ ၂နှစ်တက်ရမယ်။ အဲဒါတက်ရင်တော့ အလုပ်လုပ်လို့ ရမှာမဟုတ်ဘူး။
အလုပ်ရှိနေပေမယ့် သာမန်အဝေးသင်ဘွဲ့မှလွဲလို့ တခြားဘာမှမရှိတော့ နောက်ထပ်ဘွဲ့တစ်ခုလောက် လိုချင်တယ်။ ဒါပေမယ့် အဲဒါကို လိုချင်ရင် လက်ရှိရထားတဲ့ အလုပ်ကို စွန့်လွှတ်ရမယ်။ အဲဒီတော့ ဘွဲ့တစ်ခုကို ယူရမလား။ teaching experince ကိုပဲ ယူရမလား မသိတော့ဘူး။
အလုပ်အသစ်ဝင်လိုက်တော့ အရင်အလုပ်နဲ့မတူပေမယ့် မကြာခဏတော့ နှိုင်းယှဉ်မိနေတယ်။ အရင်အလုပ်က လုပ်လာတဲ့နှစ်တွေကလည်း များတော့ ကိုယ်က လုပ်ထုံးလုပ်နည်းတွေကို အကုန်သိနေတယ်။ ဒီမှာကတော့ ကိုယ်က မမေးရင် ပြောပြမယ့်သူ တစ်ယောက်မှ မရှိဘူး။ အခုထက်ထိ စည်းကမ်းပိုင်းကိုတောင် ဘာမှ ရေရေရာရာ မသိပေးဘူး။ ကျောင်းတွေ ပြန်ဖွင့်ခါနီးမှ dress code ရှိမှန်းသိရတယ်။ ကိုယ့်မှာသာ အစောကတည်းက ဘောင်းဘီအမည်းတွေ မချုပ်ထားခဲ့ရင် အခုဆိုရင် အသည်းအသန် လိုက်ဝယ်၊ ချုပ်ရတော့မယ်။ ဒါတောင် အပေါ်အကျီမပါသေးဘူး။ အခု ယူနီဖောင်း သတ်မှတ်လိုက်တော့ အကျီဖိုးပဲ တစ်သောင်းခွဲကုန်မယ်။ အားလုံးက အိပ်စိုက်တွေပဲ။ ရုံးချိန်ကလည်း ကိုယ်သိထားတက် ပိုစောနေတော့ မနက်ဆိုရင် ၇နာရီခွဲအရောက် သွားရမယ်။ ညနေက လေးနာရီလို့ သတ်မှတ်ထားပေမယ့် စောစောပြန်ရမယ့်ရက်က နည်းမယ်ထင်ပါတယ်။ အခုဆိုရင် လူက အိမ်ရောက်ရင် ဘာမှကို မလုပ်ချင်တော့ဘူး။ အခွေတွေ ဘာတွေတောင် ကြည့်ချင်စိတ်မရှိတော့တဲ့ အထိပဲ။
အလုပ်ဝင်တာမှ တစ်လမပြည့်သေးဘူး။ စနေ၊ တနင်္ဂနွေတွေမှာ သင်ရတဲ့ တန်းခွဲကို မဒီတစ်ယောက်ထဲ သင်ရမယ်လို့ မနေ့ကမှ ပြောပြတယ်။ ဘယ်မှာလဲ စာအုပ်....ဘာတွေသင်ရမှန်းလဲ မသိဘူး။ ဒီအပတ်ပဲ အတန်းကစတော့မယ်။ သူများတကာတွေ အရမ်းသင်ချင်နေတဲ့သူတွေက မသင်ရပဲ ဘာဆိုဘာမှ မတက်တဲ့ မဒီ့ကိုတော့ စာသင်ခိုင်းတယ်။ အဲဒါက ကောင်းတာလား၊ မကောင်းတာလား မသိဘူး။ သူများတွေက ပိတ်ရက်နားနေချိန်မှာ ကိုယ်ကတော့ မနားရဘူး။ ကြားရက်မှ တစ်ရက်နားရမယ်ဆိုပေမယ့် နားဖြစ်မယ် မထင်ပါဘူး။ ကြားရက်မှာက ဆရာမစာသင်တဲ့အခါမှာ ၀ိုင်းကူရမှာ ဖြစ်ပြီးတော့ ကိုယ်ကလည်း ဘာတွေသင်လဲဆိုတာကို လိုက်လေ့လာရဦးမယ်။ အဲဒီ့သင်ထားတာတွေကိုမှ ပိတ်ရက်မှာ ကိုယ်က ပြန်သင်ရမှာ။ လောလောဆယ် သင်္ချာဘာသာပါ သင်ရမှာဆိုတော့ စိတ်ညစ်နေတယ်။ သင်္ချာနဲ့ ဝေးကွာနေတဲ့နှစ်တွေက မနည်းတော့ဘူး။ စာအုပ်တွေ ပြန်လိုက်ဖတ်ရတော့မယ်။
စာမေးပွဲက ၂၆ရက်နေ့ ဖြေရမယ်။ ခက်တာက အဲဒီံနေ့က စနေနေ့ဖြစ်နေတယ်။ ခွင့်တောင် ယူလို့ရပါ့မလား မသိဘူး။ မရရတဲနည်းနဲ့ ခွင့်ယူရမှာပဲ။ မကျေနပ်လို့ အလုပ်ထုတ်ချင်လဲ ထုတ်ပလေ့စေ။
Read More...
Collapse...
မဒီ အခု အလုပ်သစ် ပြောင်းလိုက်ပြီးကတည်းက မအားတာနဲ့ ဒီဘလော့ဂ်ဘက်လည်း မလှည့်အားဘူး။ အင်တာနက်ကိုတောင် တစ်ပတ်မှာ တစ်နာရီတောင် မှန်မှန် မသုံးနိုင်ဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့အပတ်ကဆိုရင် တောက်လျှောက် မအားဘူး။ နည်းနည်းလေး စောစောပြန်ရတဲ့နေ့ဆိုလို့ တစ်ရက်ပဲ ရှိခဲ့တယ်။ အဲဒါတောင် ကံဆိုးချင်တော့ မိုးတွေက သဲသဲမဲမဲ ရွာထားခဲ့လို့ ကန်တော်လေးဘက်မှာ ရေတွေကြားကနေ လမ်းလျှောက်ပြီး ကလေးတစ်ယောက်ကို အိမ်လိုက်ပို့လိုက်ရသေးတယ်။
အခု မဒီတို့အလုပ်က နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွှေအတွက် အ၀တ်အစား၊ ပစ္ပည်း၊ အစားအသောက် စတာတွေကို လှူဒါန်းဖို့ လုပ်နေတယ်။ အဲဒီတော့ ပထမဥိးဆုံး အ၀တ်အစားစတွေကို ယောင်္ကျား၊ မိန်းမ၊ ကလေးခွဲပြီး သတ်သတ်စီ အိတ်နဲ့ ထည့်ပေးရတယ်။ မနက်ဖြန်ဆိုရင်တော့ အစားအသောက်တွေ ထည့်ရတော့မယ်။ အလုပ်ကတော့ ဒီနှစ်ရက်မှာတော့ ပစ္ပည်းထည့်တာမှအပ ကျန်တာမရှိဘူး။ နောက်နေ့တွေဆိုရင်တော့ ပြန်ရှုပ်ဥိးမလားး မသိဘူး။
ကိုယ်ကလည်း အခုမှ အသစ်ဆိုတော့ မသိသေးတာတွေက အများကြီးပါပဲ။
Read More...
Collapse...
ဒီနေ့ မနက်ကတည်းက နေရတာ မကောင်းဘူး။ မိုးတွေကလဲ ရွာနေတုန်းပဲ။ အခု ညနေစောင်းမှာတော့ တိတ် သွားပေမယ့် ရာသီဥတုကတော့ အေးတိအေးစက်နဲ့။ ရုံးရောက်လို့ popseoul ဖတ်လိုက်မိပြီးကတည်းက တစ်နေကုန် ၀မ်းနည်းနေတယ်။ Monday Kiz အဖွဲ့က ကောင်လေးတစ်ယောက် မော်တော်ဆိုက်ကယ် မှောက်ပြီး ဆုံးသွားလို့။ သူတို့အဖွဲ့ကို သီချင်းတွေ မနားထောင်ဖြစ်ပေမယ့် မကြိုက်လို့တော့ မဟုတ်ပါဘူး။ နားထောင်ဖို့ အချိန်မပေးနိုင်ခဲ့တာ။ အခု နားထောင်ဖို့ စိတ်ပါလာတော့ တစ်ယောက်က ဆုံးသွားပြီ။ အခုလို အဆိုကောင်းတဲ့ အဆိုတော်ဆုံးရင် ၀မ်းနည်တယ်။ :(
အလုပ်ကလည်း ပါးနေတော့ သီချင်းဟောင်းတွေ ပြန်စုထားတဲ့ Yang Ga 2008 အခွေကို တစ်ပုဒ်ချင်းဆီ လိုက်ရှာပြီး ဒေါင်းလုပ်လုပ်လိုက်၊ နားထောင်လိုက်နဲ့။ နားထောင်သမျှ သီချင်းတွေကလည်း အားလုံးက ၀မ်းနည်း ကြေကွဲဖွယ်ရာတွေကြီးပဲ။ Monday Kiz ရဲ့ Bye Bye Bye သီချင်းကို နားထောင်မိတော့ ထပ်ပြီး ၀မ်းနည်းရ ပြန်ရော။
နေ့လည်လောက်ရောက်တော့ blog တစ်ခုမှာ Chae Dong Ha ရဲ့ SG Wannabe အဖွဲ့အဖြစ်နဲ့ နောက်ဆုံး ဖျော်ဖြေတဲ့အကြောင်းကို ဖတ်ရပြန်တယ်။ ရေးတဲ့သူကလည်း Monday Kiz အဖွဲ့သားကြောင့် ၀မ်းနည်းနေ သလို အခုကိစ္စကြောင့်လဲ ၀မ်းနည်းနေပြန်တယ်။ အဲဒါနဲ့ သူနဲ့အတူ ကိုယ်ပါလိုက်ပြီး ၀မ်းနည်းနေမိ တယ်။
လခထုတ်တော့ တစ်လလုံး အလုပ်သိပ်မဖြစ်ပေမယ့် လစာမဆိုးတော့ နည်းနည်းဝမ်းသာရုံပဲ ရှိသေးတယ်၊ နောက်ကျကြေးက ၁၈၀၀ ၊ မင်္ဂလာလက်ဖွဲ့က ၁၀၀၀၀ ပေးလိုက်ရတော့ ကျေကျေနပ်နပ်နဲ့ ပေးလိုက်ပေမယ့် စိတ်ထဲမှာတော့ ၀မ်းနည်းရပြန်တယ်။
Read More...
Collapse...